Annabelle အ႐ုပ္ရဲ႕ ေနာက္ကြယ္က ရင္ထိတ္သည္းဖို ျဖစ္ရပ္မွန္ဇာတ္ေၾကာင္း

unicode

Annabelle အရုပ်ရဲ့ နောက်ကွယ်က ရင်ထိတ်သည်းဖို ဖြစ်ရပ်မှန်ဇာတ်ကြောင်း

ထိတ်လန့်ကားတွေကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေကတော့“Annabelle:Creation”ရုပ်ရှင်ကိုကြည့်ဖို့ရုပ်ရှင်ရုံမှာရုံအပြည့်တန်းစီနေကြတယ်။ Annabelle အရုပ်ရဲ့ နောက်ကွယ်မှာ တကယ်ဖြစ်ရပ်မှန်ဇာတ်ကြောင်းရှိခဲ့တယ်။

Annabelle အရုပ်စစ်ကိုတော့ Ed andLorraine Warrens တို့လင်မယားနှစ်ယောက်က Occult ပြတိုက်မှာ ကျိန်စာတွေနဲ့အတူ လော့ချထားတယ်။ တကယ်အရုပ်စစ်ကတော့ အဝတ်ရုပ်၊ မျက်လုံးကြီးကြီး၊အဝတ်ခပ်နွေးနွေးဝတ်ထားပြီးရုပ်ရှင်ထဲကတရုတ်အရုပ်နဲ့ပုံစံကွဲပြားပါတယ်။

ဒါပေမယ့်အရုပ်ရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းက ရုပ်ရှင်နည်းတူ ကြောက်စရာကောင်းပါတယ်။” တကယ်တော့ အရုပ်ကကြောက်စရာမဟုတ်ပါဘူး။ အရုပ်မှာကပ်နေတဲ့ မကောင်းဆိုးဝါးကသာ ကြောက်ဖို့ကောင်းတာပါ” လို့ Lorraine Warrens ကပြောခဲ့တယ်။

အရုပ်လေးရဲ့ဖြစ်ရပ်မှန် ဇာတ်ကြောင်းကတော့ ……၁၉၇၀ လောက်မှာ သူနာပြုကျောင်းသူလေးဖြစ်တဲ့ Donna ကိုသူမအမေကအရုပ်လေးတစ်ရုပ်ဝယ်ပြီးမွေးနေ့လက်ဆောင်ပေးတယ်။Donnaကသူမရဲ့သူငယ်ချင်းဖြစ်သူAngieနဲ့အဆောင်တူတူနေပါတယ်။

တစ်နေ့မှာ အရုပ်ရဲ့ လက်လှုပ်ရှားတာကို သတိထားမိလိုက်တယ်။ နောက်ပိုင်း အရုပ်က Donna အိပ်ရာကနေ Angie အိပ်ရာဆီကို သူအလိုလိုရွေ့သွားတယ်။ ပြီးတော့ အခြေအနေပိုဆိုးလာခဲ့တယ်။

လူမရှိတဲ့အချိန်တွေမှာဆို အရုပ်ကဟိုနေရာရွေ့ဒီနေရာရွေ့နေပြီးထားခဲ့ရင် ထားခဲ့တဲ့နေရာမှာ ရှိမနေပြန်ဘူး။ Donna နဲ့ Angie တို့မှာ အရမ်းခင်ရတဲ့ ယောက်ျားလေး သူငယ်ချင်း Louရှိပါတယ်။

သူတို့ရဲ့သူငယ်ချင်း Lou က အဲ့အရုပ်နားကိုရောက်ရင် ကြက်သီးတွေထလာတယ်။ ဒီအရုပ်ကို ဝိညဉ်ပူးနေတယ်လို့ စိတ်ထဲထင့်လာတယ်။ နောက်ကြာလာတော့” ငါတို့ကို ကူညီပါ။ ငါတို့ကို ကူညီပါ Lou ” ဆိုပြီး ကလေးလက်ရေးဖြင့် အကူအညီတောင်းလာတာတွေတွေ့တယ်။

Donnaအလုပ်ကနေပြန်ရောက်လာပြီးအရုပ်ကိုလိုက်ရှာကြည့်တေ့ာအိပ်ရာပေါ်မှာထိုင်နေပြီးလက်မှာအနီရောင်အရည်များပေနေတာကိုတွေ့ရပါတယ်။နောက်ပိုင်းမှာဒီအရုပ်အကြောင်းကိုသူတို့အရမ်းသိချင်သွားပြီးသူငယ်ချင်းနှစ်ယောက်လိုက်လံစုံစမ်းကြည့်ရာ

နှစ်အတော်ကြာလောက်က ဒီတိုက်ခန်းမဆောက်ခင် ဒီမြေလယ်ကွင်းမှာအသက်၇နှစ်အရွယ်ကောင်မလေးAnnabelleHigginsအလောင်းကိုတွေ့ခဲ့ပါတယ်။ ဒီအရုပ်ရောက်လာချိန်မှာပဲ Annabelle Higgins ဝိညဉ်က အရုပ်မှာ ပူးကပ်သွားတာဖြစ်နိုင်တယ်လို နတ်ဝင်သည်ဆီမှ သိရပါတယ်။

သေသွားပြီးဖြစ်တဲ့ Annabelle လေးကို သနားပြီး ဒီအရုပ်လေးကို သူတို့နဲ့ပဲနေခိုင်းခဲ့တယ်။ ဒါပေမယ့် Lou ကို attack မလုပ်ခင်အထိပေါ့။ညတစ်ညမှာတော့Louအိပ်မောကျနေစဉ်မှနိုးလာတယ်။နိုးနေပေမယ့်လှုပ်လို့မရဘူး။

အိပ်ရာအောက်ကိုကြည့်လိုက်တော့အရုပ်ကိုတွေ့လိုက်တယ်။ သူကိုယ့်ပေါ်ကိုတတ်လာပြီး လည်ပင်းညစ်တယ်။ နောက်နေ့မနက်ကျတော့ Lou က အိပ်မက်လားတကယ်လားဆိုတာမသိတော့ဘူး။ DonnaမရှိဘဲDonnaအခန်းထဲကနေအသံတွေကြားလာတယ်။

အိပ်ရာပေါ်မှာထားခဲ့တဲ့အရုပ်ဟာအိပ်ရာပေါ်မှာရှိမနေဘဲထိုင်ခုံပေါ်ရောက်နေတာတွေ Lou သတိထားမိလာတယ်။တစ်စုံတစ်ယောက်က Lou ကျောကိုကုတ်ထားသလို အခြေအနေတွေဆိုးလာခဲ့ပြီးနောက် Donna က ခရစ်ယာန်ကျောင်းမှ

ဖာသာ Hegan ကနေတစ်ဆင့်အိမ်သို့သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုကျွမ်းကျင်ပိုင်နိုင်တဲ့ပညာရှင်Edနဲ့LorraineWarrenတို့လင်မယားကိုခေါ်ပြီးနှိမ်နင်းစေခဲ့တယ်။ အရုပ်ကိုတော့ ပြတိုက်ကို ယူသွားခဲ့တယ်။

ပြတိုက်သို့ယူသွားစဉ် လမ်းတစ်လျှောက်မှာ အရုပ်က ကားဘရိတ် နဲ့စတီယာတိုင်ကို ချုပ်ကိုင်ထားပြီး Ed Warrens က ပရိတ်ရည်ဖြန်းလိုက်မှ ငြိမ်သွားပါတော့တယ်။ Ed and Lorraine Warrens တို့လင်မယားနှစ်ယောက် အသက်ဘေးရောက်သည့်ထိ တိုက်ခိုက်ခံရတယ်။

ပြတိုက်ထဲမှာ အရုပ်ကို ကျိန်စာများနဲ့ သိမ်းခဲ့တယ်။၂၀၀၆ တွင် Ed Warren သေဆုံးခဲ့ပြီး Lorraine ကတော့ ” ပြတိုက်ထဲမှာ ဒီအရုပ်ဟာ အဆိုးဆုံးပါ။”လို့ ပြောခဲ့ပါတယ်။

crd

zawgyi

Annabelle အ႐ုပ္ရဲ႕ ေနာက္ကြယ္က ရင္ထိတ္သည္းဖို ျဖစ္ရပ္မွန္ဇာတ္ေၾကာင္း

ထိတ္လန႔္ကားေတြကိုႀကိဳက္ႏွစ္သက္တဲ့ပရိတ္သတ္ေတြကေတာ့“Annabelle:Creation”႐ုပ္ရွင္ကိုၾကည့္ဖို႔႐ုပ္ရွင္႐ုံမွာ႐ုံအျပည့္တန္းစီေနၾကတယ္။ Annabelle အ႐ုပ္ရဲ႕ ေနာက္ကြယ္မွာ တကယ္ျဖစ္ရပ္မွန္ဇာတ္ေၾကာင္းရွိခဲ့တယ္။

Annabelle အ႐ုပ္စစ္ကိုေတာ့ Ed andLorraine Warrens တို႔လင္မယားႏွစ္ေယာက္က Occult ျပတိုက္မွာ က်ိန္စာေတြနဲ႔အတူ ေလာ့ခ်ထားတယ္။ တကယ္အ႐ုပ္စစ္ကေတာ့ အဝတ္႐ုပ္၊ မ်က္လုံးႀကီးႀကီး၊အဝတ္ခပ္ေႏြးေႏြးဝတ္ထားၿပီး႐ုပ္ရွင္ထဲကတ႐ုတ္အ႐ုပ္နဲ႔ပုံစံကြဲျပားပါတယ္။

ဒါေပမယ့္အ႐ုပ္ရဲ႕ျဖစ္ရပ္မွန္ဇာတ္ေၾကာင္းက ႐ုပ္ရွင္နည္းတူ ေၾကာက္စရာေကာင္းပါတယ္။” တကယ္ေတာ့ အ႐ုပ္ကေၾကာက္စရာမဟုတ္ပါဘူး။ အ႐ုပ္မွာကပ္ေနတဲ့ မေကာင္းဆိုးဝါးကသာ ေၾကာက္ဖို႔ေကာင္းတာပါ” လို႔ Lorraine Warrens ကေျပာခဲ့တယ္။

အ႐ုပ္ေလးရဲ႕ျဖစ္ရပ္မွန္ ဇာတ္ေၾကာင္းကေတာ့ ……၁၉၇၀ ေလာက္မွာ သူနာျပဳေက်ာင္းသူေလးျဖစ္တဲ့ Donna ကိုသူမအေမကအ႐ုပ္ေလးတစ္႐ုပ္ဝယ္ၿပီးေမြးေန႔လက္ေဆာင္ေပးတယ္။Donnaကသူမရဲ႕သူငယ္ခ်င္းျဖစ္သူAngieနဲ႔အေဆာင္တူတူေနပါတယ္။

တစ္ေန႔မွာ အ႐ုပ္ရဲ႕ လက္လႈပ္ရွားတာကို သတိထားမိလိုက္တယ္။ ေနာက္ပိုင္း အ႐ုပ္က Donna အိပ္ရာကေန Angie အိပ္ရာဆီကို သူအလိုလိုေ႐ြ႕သြားတယ္။ ၿပီးေတာ့ အေျခအေနပိုဆိုးလာခဲ့တယ္။

လူမရွိတဲ့အခ်ိန္ေတြမွာဆို အ႐ုပ္ကဟိုေနရာေ႐ြ႕ဒီေနရာေ႐ြ႕ေနၿပီးထားခဲ့ရင္ ထားခဲ့တဲ့ေနရာမွာ ရွိမေနျပန္ဘူး။ Donna နဲ႔ Angie တို႔မွာ အရမ္းခင္ရတဲ့ ေယာက္်ားေလး သူငယ္ခ်င္း Louရွိပါတယ္။

သူတို႔ရဲ႕သူငယ္ခ်င္း Lou က အဲ့အ႐ုပ္နားကိုေရာက္ရင္ ၾကက္သီးေတြထလာတယ္။ ဒီအ႐ုပ္ကို ဝိညဥ္ပူးေနတယ္လို႔ စိတ္ထဲထင့္လာတယ္။ ေနာက္ၾကာလာေတာ့” ငါတို႔ကို ကူညီပါ။ ငါတို႔ကို ကူညီပါ Lou ” ဆိုၿပီး ကေလးလက္ေရးျဖင့္ အကူအညီေတာင္းလာတာေတြေတြ႕တယ္။

Donnaအလုပ္ကေနျပန္ေရာက္လာၿပီးအ႐ုပ္ကိုလိုက္ရွာၾကည့္ေတ့ာအိပ္ရာေပၚမွာထိုင္ေနၿပီးလက္မွာအနီေရာင္အရည္မ်ားေပေနတာကိုေတြ႕ရပါတယ္။ေနာက္ပိုင္းမွာဒီအ႐ုပ္အေၾကာင္းကိုသူတို႔အရမ္းသိခ်င္သြားၿပီးသူငယ္ခ်င္းႏွစ္ေယာက္လိုက္လံစုံစမ္းၾကည့္ရာ

ႏွစ္အေတာ္ၾကာေလာက္က ဒီတိုက္ခန္းမေဆာက္ခင္ ဒီေျမလယ္ကြင္းမွာအသက္၇ႏွစ္အ႐ြယ္ေကာင္မေလးAnnabelleHigginsအေလာင္းကိုေတြ႕ခဲ့ပါတယ္။ ဒီအ႐ုပ္ေရာက္လာခ်ိန္မွာပဲ Annabelle Higgins ဝိညဥ္က အ႐ုပ္မွာ ပူးကပ္သြားတာျဖစ္ႏိုင္တယ္လို နတ္ဝင္သည္ဆီမွ သိရပါတယ္။

ေသသြားၿပီးျဖစ္တဲ့ Annabelle ေလးကို သနားၿပီး ဒီအ႐ုပ္ေလးကို သူတို႔နဲ႔ပဲေနခိုင္းခဲ့တယ္။ ဒါေပမယ့္ Lou ကို attack မလုပ္ခင္အထိေပါ့။ညတစ္ညမွာေတာ့Louအိပ္ေမာက်ေနစဥ္မွႏိုးလာတယ္။ႏိုးေနေပမယ့္လႈပ္လို႔မရဘူး။

အိပ္ရာေအာက္ကိုၾကည့္လိုက္ေတာ့အ႐ုပ္ကိုေတြ႕လိုက္တယ္။ သူကိုယ့္ေပၚကိုတတ္လာၿပီး လည္ပင္းညစ္တယ္။ ေနာက္ေန႔မနက္က်ေတာ့ Lou က အိပ္မက္လားတကယ္လားဆိုတာမသိေတာ့ဘူး။ DonnaမရွိဘဲDonnaအခန္းထဲကေနအသံေတြၾကားလာတယ္။

အိပ္ရာေပၚမွာထားခဲ့တဲ့အ႐ုပ္ဟာအိပ္ရာေပၚမွာရွိမေနဘဲထိုင္ခုံေပၚေရာက္ေနတာေတြ Lou သတိထားမိလာတယ္။တစ္စုံတစ္ေယာက္က Lou ေက်ာကိုကုတ္ထားသလို အေျခအေနေတြဆိုးလာခဲ့ၿပီးေနာက္ Donna က ခရစ္ယာန္ေက်ာင္းမွ

ဖာသာ Hegan ကေနတစ္ဆင့္အိမ္သို႔သဘာဝလြန္ျဖစ္ရပ္ဆန္းေတြကိုကြၽမ္းက်င္ပိုင္ႏိုင္တဲ့ပညာရွင္Edနဲ႔LorraineWarrenတို႔လင္မယားကိုေခၚၿပီးႏွိမ္နင္းေစခဲ့တယ္။ အ႐ုပ္ကိုေတာ့ ျပတိုက္ကို ယူသြားခဲ့တယ္။

ျပတိုက္သို႔ယူသြားစဥ္ လမ္းတစ္ေလွ်ာက္မွာ အ႐ုပ္က ကားဘရိတ္ နဲ႔စတီယာတိုင္ကို ခ်ဳပ္ကိုင္ထားၿပီး Ed Warrens က ပရိတ္ရည္ျဖန္းလိုက္မွ ၿငိမ္သြားပါေတာ့တယ္။ Ed and Lorraine Warrens တို႔လင္မယားႏွစ္ေယာက္ အသက္ေဘးေရာက္သည့္ထိ တိုက္ခိုက္ခံရတယ္။

ျပတိုက္ထဲမွာ အ႐ုပ္ကို က်ိန္စာမ်ားနဲ႔ သိမ္းခဲ့တယ္။၂၀၀၆ တြင္ Ed Warren ေသဆုံးခဲ့ၿပီး Lorraine ကေတာ့ ” ျပတိုက္ထဲမွာ ဒီအ႐ုပ္ဟာ အဆိုးဆုံးပါ။”လို႔ ေျပာခဲ့ပါတယ္။

crd