တုတ္ၿပီး ဓားၿပီး ေသနတ္ၿပီးသူ ေလွသင္းအတြင္းဝန္မင္း၏ ထူးဆန္းတဲ့ ေနာက္ဆုံးဘဝနိဂုံး

unicode

တုတ်ပြီး ဓားပြီး သေနတ်ပြီးသူ လှေသင်းအတွင်းဝန်မင်း၏ ထူးဆန်းတဲ့ နောက်ဆုံးဘဝနိဂုံး

သီပေါမင်းလက်ထက် အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲတလျှောက် အင်္ဂလိပ်တို့အား ခုခံတိုက်ခိုက်သူများတွင် လှေသင်းအတွင်းဝန် ဦးရွှေမောင်သည် အလွန်ကျော်ကြားလှသည်။

လက်ရုံးရည် အစွမ်းထက်လှ၍ ဒုတ်ပြီး ဓားပြီးသူအဖြစ် နာမည်ကြီးသည်။ စလေမြို့စားမင်းကြီး ဇေယျကျော်ထင်ဘွဲ့ ရရှိခဲ့သူဖြစ်ပြီး “အင်္ဂလိပ် စစ်သင်္ဘောများအား ခုခံတိုက်ခိုက်ခြင်းမပြုရ” ဟူသော အမိန့်ကို ဆန့်ကျင်ကာ အင်္ဂလိပ်တို့အား တိုက်ခိုက်ခဲ့သူဖြစ်သည်။

ထိုတိုက်ပွဲတွင် ကျည်ဆန် ဗုံးဆံများကြားထဲမှ မတ်မတ်ရပ် စီစဉ်ညွှန်ကြားနေသော ဦးရွှေမောင်သည် ဒါဏ်ရာ တစ်ခုတစ်လေမှပင် မရ။သူ၏ တပည့်များကတော့ လှေသင်းအတွင်းဝန်မင်း၏ ကာယသိဒ္ဓိဆေးများကြောင့်ဟု ထင်ကြသည်။

လှေသင်းအတွင်းဝန်မင်း၏ နောက်ဆုံးဘဝ နိဂုံးမှာ ထူးဆန်းလှသည်။ သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ်တို့က ဦးရွှေမောင်အား ရာထူးရာခံများဖြင့် စည်းရုံးသော်လည်း အင်္ဂလိပ်လက်အောက်၌ လုံးဝ မလုပ်လိုဟူ၍ ငြင်းပယ်လိုက်သည်။

မိမိဇာတိ ဝါးချက်ရာသို့ မကြာခဏသွားရောက်လေ့ရှိရာ တစ်နေ့တွင် မင်းကျောင်းဆရာတော်က လှေသင်းအတွင်းဝန်၏ ဇာတာကိုယူ၍ ကြည့်သည်။ကြည့်ရင်း- “ဒကာကြီး ဇာတာအရဆိုရင် သူတစ်ပါး လက်နက်နဲ့ မသေနိုင်ပေမယ့်

အဆိပ်ရှိတဲ့ သတ္တဝါတစ်ကောင် ကိုက်ပြီး သေတတ်တယ်။ အကောင်း ပကတိကနေ ရူးသွပ်သွားတတ်တဲ့ အကောင်ကြီးကြီးကိုသတိထားပါ” ဟု မိန့်ဆိုလေသည်။လှေသင်းအတွင်းဝန်ကတော့ ဆရာတော်၏ အဆိုကို သိပ်သဘောမကျ။

ဓား ၊ သေနတ်နဲ့တောင်မသေတဲ့သူက အကောင်ကိုက်လို့ သေမယ် ဆိုသည်ကြောင့်ပင်။သို့သော် မိမိယုံကြည်ရသည့် ဆရာတော့်စကားကို မပယ်ရှားဝံ့။ ဆရာတော်စကားကို စဉ်းစားကြည့်လျှင် မိမိကိုကိုက်မည့် အကောင်မှာ ခွေးရူး ဖြစ်နိုင်ကြောင်း ဦးရွှေမောင်သိသည်။

သို့ဖြင့် အသေအချာ စဉ်းစားပြီးသည့်နောက် ခွေးရူး ကာကွယ်ရေး အစီအစဉ်များကို လုပ်ဆောင်သည်။ ယခင်မြို့ထဲရှိ အိမ်၌ မနေတော့ပဲ မိမိပိုင် တက်သေးအင်းနားရှိ ဥယျာဉ်ခြံထဲက အိမ်လေးတွင် ပြောင်းရွှေ့နေထိုင်သည်။

အိမ်လေးမှာ ခြေတံရှည်အိမ်ဖြစ်ပြီး အိမ်လေးဆီကို ရောက်ရန် ပေ ၁၀ဝ ခန့် ကျယ်သော ချောင်းကို ဖြတ်ကူးရမည် ဖြစ်သဖြင့် ခွေးရူး မရောက်နိုင်ဟု ထင်မိသည်။ထိုအိမ်လေးတွင် နေရင်းတစ်နေ့တွင် အတွင်းဝန်မင်း၏ သားဖြစ်သူ နေထိုင်မကောင်း ဖြစ်သဖြင့် နေ့မအား ညမအား ပြုစုရသည်။

ယင်းသို့ ပြုစုနေစဉ်အတွင်း တစ်မနက် အာရုဏ်တက်ချိန်တွင် ခွေးရူးတစ်ကောင်သည် ချောင်းကို ဖြတ်ကူးကာ အတွင်းဝန်မင်း၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။ နံနက်စောစော ထမင်းထချက်သည့် အမျိုးသမီးကမြင်သဖြင့် ခွေးရူးအား ဟိန်းဟောက်လိုက်သည်။

ထိုအသံကို ကြား၍ အတွင်းဝန်မင်းထလာရာ ခွေးရူးသည် အတွင်းဝန်မင်း၏ ခြေသလုံးအား ကိုက်လိုက်လေတော့သည်။ ခွေးရူးသည် လှေအတွင်းဝန်မင်းအား ကိုက်ပြီးသည်နှင့် မည်သည့်နေရာရောက်သွားမှန်းမသိ။ ပျောက်ခြင်းမလှ ချက်ချင်း ပျောက်သွား၏။

(အမှန်မှာ ခွေးရူးများသည် ရေကြောက်ရမည် ဖြစ်သော်လည်း ဒီခွေးရူးကမူ ရေမကြောက်ပဲ ချောင်းကို ဖြတ်ကူးကာ ဦးရွှေမောင်ကိုကိုက်၍ ပျောက်သွားသည်မှာ ထူးဆန်းလှသည်)ဦးရွှေမောင်သည် ခွေးရူးရောဂါကို ဆေးအမျိုးမျိုး ၊ ဆရာအမျိုးမျိုးနှင့် ကုသပါသော်လည်း

မသက်သာတော့ပဲ နောက်ဆုံး ထိုရောဂါဖြင့်ပင် ဆုံးပါးသွားလေသည်။အန္တရာယ်ကို ကြိုသိ၍ ကာကွယ်ထားပါသော်လည်း ကာကွယ်ထားသည့်ကြားမှပင် အသက်ဆုံးသွားရသည့် လှေအသင်းဝန်မင်း၏ နိဂုံးမှာ ထူးဆန်းလှပေတော့သည်။

Ref;ရာဇဝင်ထဲက ဖြစ်ရပ်ဆန်းများ – တင်နိုင်တိုး မြန်မာ့သမိုင်းဝင် သမိုင်းတွင်ခဲ့သောဖြစ်ရပ်များ –

zawgyi

တုတ္ၿပီး ဓားၿပီး ေသနတ္ၿပီးသူ ေလွသင္းအတြင္းဝန္မင္း၏ ထူးဆန္းတဲ့ ေနာက္ဆုံးဘဝနိဂုံး

သီေပါမင္းလက္ထက္ အဂၤလိပ္ျမန္မာ တတိယစစ္ပြဲတေလွ်ာက္ အဂၤလိပ္တို႔အား ခုခံတိုက္ခိုက္သူမ်ားတြင္ ေလွသင္းအတြင္းဝန္ ဦးေ႐ႊေမာင္သည္ အလြန္ေက်ာ္ၾကားလွသည္။

လက္႐ုံးရည္ အစြမ္းထက္လွ၍ ဒုတ္ၿပီး ဓားၿပီးသူအျဖစ္ နာမည္ႀကီးသည္။ စေလၿမိဳ႕စားမင္းႀကီး ေဇယ်ေက်ာ္ထင္ဘြဲ႕ ရရွိခဲ့သူျဖစ္ၿပီး “အဂၤလိပ္ စစ္သေဘၤာမ်ားအား ခုခံတိုက္ခိုက္ျခင္းမျပဳရ” ဟူေသာ အမိန္႔ကို ဆန္႔က်င္ကာ အဂၤလိပ္တို႔အား တိုက္ခိုက္ခဲ့သူျဖစ္သည္။

ထိုတိုက္ပြဲတြင္ က်ည္ဆန္ ဗုံးဆံမ်ားၾကားထဲမွ မတ္မတ္ရပ္ စီစဥ္ၫႊန္ၾကားေနေသာ ဦးေ႐ႊေမာင္သည္ ဒါဏ္ရာ တစ္ခုတစ္ေလမွပင္ မရ။သူ၏ တပည့္မ်ားကေတာ့ ေလွသင္းအတြင္းဝန္မင္း၏ ကာယသိဒၶိေဆးမ်ားေၾကာင့္ဟု ထင္ၾကသည္။

ေလွသင္းအတြင္းဝန္မင္း၏ ေနာက္ဆုံးဘဝ နိဂုံးမွာ ထူးဆန္းလွသည္။ သီေပါမင္း ပါေတာ္မူၿပီးေနာက္ အဂၤလိပ္တို႔က ဦးေ႐ႊေမာင္အား ရာထူးရာခံမ်ားျဖင့္ စည္း႐ုံးေသာ္လည္း အဂၤလိပ္လက္ေအာက္၌ လုံးဝ မလုပ္လိုဟူ၍ ျငင္းပယ္လိုက္သည္။

မိမိဇာတိ ဝါးခ်က္ရာသို႔ မၾကာခဏသြားေရာက္ေလ့ရွိရာ တစ္ေန႔တြင္ မင္းေက်ာင္းဆရာေတာ္က ေလွသင္းအတြင္းဝန္၏ ဇာတာကိုယူ၍ ၾကည့္သည္။ၾကည့္ရင္း- “ဒကာႀကီး ဇာတာအရဆိုရင္ သူတစ္ပါး လက္နက္နဲ႔ မေသႏိုင္ေပမယ့္

အဆိပ္ရွိတဲ့ သတၱဝါတစ္ေကာင္ ကိုက္ၿပီး ေသတတ္တယ္။ အေကာင္း ပကတိကေန ႐ူးသြပ္သြားတတ္တဲ့ အေကာင္ႀကီးႀကီးကိုသတိထားပါ” ဟု မိန္႔ဆိုေလသည္။ေလွသင္းအတြင္းဝန္ကေတာ့ ဆရာေတာ္၏ အဆိုကို သိပ္သေဘာမက်။

ဓား ၊ ေသနတ္နဲ႔ေတာင္မေသတဲ့သူက အေကာင္ကိုက္လို႔ ေသမယ္ ဆိုသည္ေၾကာင့္ပင္။သို႔ေသာ္ မိမိယုံၾကည္ရသည့္ ဆရာေတာ့္စကားကို မပယ္ရွားဝံ့။ ဆရာေတာ္စကားကို စဥ္းစားၾကည့္လွ်င္ မိမိကိုကိုက္မည့္ အေကာင္မွာ ေခြး႐ူး ျဖစ္ႏိုင္ေၾကာင္း ဦးေ႐ႊေမာင္သိသည္။

သို႔ျဖင့္ အေသအခ်ာ စဥ္းစားၿပီးသည့္ေနာက္ ေခြး႐ူး ကာကြယ္ေရး အစီအစဥ္မ်ားကို လုပ္ေဆာင္သည္။ ယခင္ၿမိဳ႕ထဲရွိ အိမ္၌ မေနေတာ့ပဲ မိမိပိုင္ တက္ေသးအင္းနားရွိ ဥယ်ာဥ္ၿခံထဲက အိမ္ေလးတြင္ ေျပာင္းေ႐ႊ႕ေနထိုင္သည္။

အိမ္ေလးမွာ ေျခတံရွည္အိမ္ျဖစ္ၿပီး အိမ္ေလးဆီကို ေရာက္ရန္ ေပ ၁၀ဝ ခန္႔ က်ယ္ေသာ ေခ်ာင္းကို ျဖတ္ကူးရမည္ ျဖစ္သျဖင့္ ေခြး႐ူး မေရာက္ႏိုင္ဟု ထင္မိသည္။ထိုအိမ္ေလးတြင္ ေနရင္းတစ္ေန႔တြင္ အတြင္းဝန္မင္း၏ သားျဖစ္သူ ေနထိုင္မေကာင္း ျဖစ္သျဖင့္ ေန႔မအား ညမအား ျပဳစုရသည္။

ယင္းသို႔ ျပဳစုေနစဥ္အတြင္း တစ္မနက္ အာ႐ုဏ္တက္ခ်ိန္တြင္ ေခြး႐ူးတစ္ေကာင္သည္ ေခ်ာင္းကို ျဖတ္ကူးကာ အတြင္းဝန္မင္း၏ အိမ္သို႔ ေရာက္ရွိလာခဲ့သည္။ နံနက္ေစာေစာ ထမင္းထခ်က္သည့္ အမ်ိဳးသမီးကျမင္သျဖင့္ ေခြး႐ူးအား ဟိန္းေဟာက္လိုက္သည္။

ထိုအသံကို ၾကား၍ အတြင္းဝန္မင္းထလာရာ ေခြး႐ူးသည္ အတြင္းဝန္မင္း၏ ေျခသလုံးအား ကိုက္လိုက္ေလေတာ့သည္။ ေခြး႐ူးသည္ ေလွအတြင္းဝန္မင္းအား ကိုက္ၿပီးသည္ႏွင့္ မည္သည့္ေနရာေရာက္သြားမွန္းမသိ။ ေပ်ာက္ျခင္းမလွ ခ်က္ခ်င္း ေပ်ာက္သြား၏။

(အမွန္မွာ ေခြး႐ူးမ်ားသည္ ေရေၾကာက္ရမည္ ျဖစ္ေသာ္လည္း ဒီေခြး႐ူးကမူ ေရမေၾကာက္ပဲ ေခ်ာင္းကို ျဖတ္ကူးကာ ဦးေ႐ႊေမာင္ကိုကိုက္၍ ေပ်ာက္သြားသည္မွာ ထူးဆန္းလွသည္)ဦးေ႐ႊေမာင္သည္ ေခြး႐ူးေရာဂါကို ေဆးအမ်ိဳးမ်ိဳး ၊ ဆရာအမ်ိဳးမ်ိဳးႏွင့္ ကုသပါေသာ္လည္း

မသက္သာေတာ့ပဲ ေနာက္ဆုံး ထိုေရာဂါျဖင့္ပင္ ဆုံးပါးသြားေလသည္။အႏၲရာယ္ကို ႀကိဳသိ၍ ကာကြယ္ထားပါေသာ္လည္း ကာကြယ္ထားသည့္ၾကားမွပင္ အသက္ဆုံးသြားရသည့္ ေလွအသင္းဝန္မင္း၏ နိဂုံးမွာ ထူးဆန္းလွေပေတာ့သည္။

Ref;ရာဇဝင္ထဲက ျဖစ္ရပ္ဆန္းမ်ား – တင္ႏိုင္တိုး ျမန္မာ့သမိုင္းဝင္ သမိုင္းတြင္ခဲ့ေသာျဖစ္ရပ္မ်ား –