နှစ်ထပ်ဘတ်စ်ကားရဲ့ အရှည်ခန့်ရှိတဲ့ ကြီးမားတဲ့ ဝေလငါးနဲ့အတူ နီးနီးကပ်ကပ် ကူးခတ်နေတဲ့ ရေငုပ်သမားနှစ်ဦး

unicode

ရေငုပ်သမား နှစ်ဦးက US ရှိ Hawaii ပြည်နယ် ၊ ကမ်းရိုးတန်းမှ ရေကူးနေစဉ် ပေါင် ၇၉,၃၆၆ ပေါင်လေးတဲ့ ကျောကုန်း ဝေလငါးအုပ်စုနဲ့ နီးကပ်စွာ ကူးခတ်ခဲ့တာကြောင့် netizen များ တုန်လှုပ်သွားခဲ့ပါတယ် ။

အဖြူရောင်ဝမ်းပါရှိတဲ့ ဝေလငါးမလေးက လက်ဆွဲနှုတ်ဆက်ရန် သူမရဲ့တောင်ပံကို ဆန့်ထုတ်လိုက်တာကို တွေ့ရပါတယ် ။ ရေငုပ်သမားက သူမနဲ့ အတူရှိနေတာကို သဘောကျသလိုပင် ဝေလငါးမလေးက ငြိမ်သက်ပြီး နူးညံ့သွားခဲ့ပါတယ် ။

အဆိုပါဝေလငါးက နှစ်ထပ်ဘတ်စ်ကားရဲ့ အရှည်ခန့်ရှိပြီး အနည်းငယ် ကြောက်စရာကောင်းပါတယ် ။ဒါပေမယ့် ရေငုပ်သမားတွေနဲ့ ရေကူးရတာ အရမ်းပျော်နေပုံကို တွေ့ရပါတယ် ။

ဝေလငါးအထီးများက ဝေလငါးအမများရဲ့ အာရုံစူးစိုက်မှုကိုရရှိရန် ရုန်းကန်နေသောကြောင့် အနည်းငယ်ပိုပြီး ပြင်းထန်ပါတယ် ။ ဒါပေမယ့် ဝေလငါးအထီးက ရေငုပ်သမားတွေကို နီးနီးကပ်ကပ်နဲ့ သူတို့အနားမှာ ကူးခတ်ခွင့်ပေးပါတယ် ။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ အသက် ၄၃ နှစ်ရှိ ဓာတ်ပုံဆရာ Masa Ushioda က Hona၊ Hawaii သို့ ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့နေအိမ်အသစ်အနီး ရေအောက်တွေ့ဆုံပွဲ ဓာတ်ပုံများကို ရိုက်ကူးခဲ့တာပါ ။

ဒီပုံတွေကြည့်ချင်းအားဖြင့် တကယ့်ကို အံ့သြစရာကောင်းတဲ့ စွန့်စားခန်းပါ၊ ဒီရေငုပ်သမားတွေ ဝေလငါးတွေနဲ့ နီးနီးကပ်ကပ် ကူးခတ်ခွင့်ရလို့ ကျွန်တော် မနာလိုဖြစ်မိပါတယ် ။

Reference : buzznicked

zawgyi