လိပ္ခုံးကားေလးေတြ စတင္ျဖစ္ေပၚလာပုံ

unicode

နာဇီပါတီရဲ့ ခေါင်းဆောင်ကြီး ဟစ်တလာ က ၁၉၃၄ ခုနှစ်ထဲမှာ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဖာဒီနန် ပေါရှေးနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကားတစ်စီး တည်ဆောက်ခိုင်းခဲ့ပါတယ်။အဲ့ဒီအချိန်က ကားဆိုတာ သူဌေးကြီးတွေပဲ စီးနိုင်တဲ့အရာတစ်ခုပါ။

ဒါကြောင့် ဂျာမနီမှာ ကားစီနိုင်တဲ့သူတွေ အရမ်းနည်းနေပါသေးတယ်။ဟစ်တလာက သူ့လူမျိုးတွေကို ကားပေါပေါသီသီစီးစေချင်တယ်။ ဒါနဲ့ပဲ ပေါရှေးနဲ့ ဆွေးနွေးခဲ့ကြပြီးနောက် ပြည့်သူ့ကား လို့အဓိပ္ပါယ်ရတဲ့ Volks Wagen ဆိုတဲ့ နာမည်နဲ့ ကားတစ်စီးထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ထုတ်လုပ်မှု ကုန်ကျစရိတ်တွေကိုတော့ နာဇီ ပါတီကပဲ ကျခံပေးပါတယ်။ Beetle ကတော့ ကားရဲ့ဒီဇိုင်းက ပိုးတောင်မာ နဲ့တူလို့ Beetle ဖြစ်သွားရတာပါ။ဟစ်တလာက ပြည်သူ့ရေဒီယို ဆိုပြီး People’s Radio ကို ထုတ်ပေးခဲ့ပြီးပြီ။

ပြည်သူတွေ သတင်းတွေ ကြားရအောင် ဆိုပေမယ့် အမှန်ကတော့ နာဇီဝါဒတွေ ဖြန့်ဖို့အတွက်ထုတ် ပေးထားတာ။ အခုလည်း ပြည်သူ့ကား….ဟစ်တလာလိုချင်တာက မိသားစုတစ်စု တက်နိုင်တဲ့ဈေးတဲ့ တစ်မိသားစုလုံးစီးလို့ဆန့်တဲ့ ကားတစ်စီး။

ဒါနဲ့ပဲ လူကြီး ၂ ယောက် ကလေး ၃ ယောက်ဆန့်ရမယ် ဆိုပြီး သတ်မှတ်ပေးလိုက်တယ်။အမြန်နှုန်ကို တစ်နာရီကီလို ၁၀၀ လောက်ရှိရမယ်။ ဆီစားနှုန်း ကီလို ၁၀၀ ကို ဆီက ၇ လီတာလောက်ပဲ ကုန်ရမယ်။

နောက် ပစ္စည်းအစိတ်အပိုင်းတွေပျက်တဲ့ အခါ ဈေးသက်သက်သာသာ မြန်မြန်ဆန်ဆန်နဲ့ လဲလှယ်ပေးနိုင်ဖို့ကို ညွှန်ကြားခဲ့ပါတယ်။ အင်ဂျင်က လေအအေးခံ (Air- cooled) စနစ်နဲ့ ဖြစ်လာပုံကတော့ အဲ့ဒီအချိန်အခါတုန်းက

ကားရှိတဲ့သူတွေ နည်းသလို အိမ်တိုင်းမှာလည်း ကားထားဖို့ ဂိုထောင်တွေ မရှိသလောက် ရှားတယ်။ဂျာမနီမှာက အေးတယ်။ ကားဝယ်ပြီးရင် အပြင် လေ အေးအေးထဲမှာပဲ ထားရဖို့များတယ်။

ဒီတော့ အင်ဂျင်ကို ရေအအေးခံစနစ်နဲ့ပဲ သုံးလိုက်ရင် မနက်ကျရင် အင်ဂျင် ကူးလန့်တွေက အေးခဲနေလိမ့်မယ်။စက်နှိုးဖို့အတွက် အင်ဂျင်ကို အရင်မီးမြိုက်နေရလိမ့်မယ် (Anti freezeတွေကလည်း ပေါ်ခါစမို့ စွမ်းဆောင်ရည်မြင့် လေယာဉ်တွေမှာပဲ သုံးနိုင်သေးတယ်၊ ဈေးကြီးနေဆဲအချိန်ပေါ့)။

ဒါနဲ့ပဲ လေအအေးခံစနစ်နဲ့ အင်ဂျင်နဲ့ စတင်ခဲ့ရတယ်။အင်ဂျင်ကို နောက်မှာထားရတာကလည်း အကြောင်းရှိတယ်။ ရှေ့အင်ဂျင် နောက်ဘက်ကို Drive shaft ပြေးပြီး မောင်းနှင်တဲ့ နောက်ယက် စနစ်က Drive shaft ကြောင့် တုန်ခါမှုတွေ များတယ်။ ဒါကြောင့် စွမ်းအင်ဆုံးရှုံးမှုတွေ ရှိတယ်။

ဒီလိုမဖြစ်အောင်ဆိုပြီး နောက်အင်ဂျင် နောက်ယက် စနစ်ကို ဖန်တီးခဲ့တယ်။ နောက်ဆုံးမှာတော့ လိပ်ခုံးကား လို့ခေါ်တဲ့ Volkswagen Beetle ကားလေးထွက်ပေါ်လာခဲ့တယ်။

ဈေးနှုန်းကိုလည်း အဲ့ဒီအချိန်ခါက ဆိုင်ကယ်တစ်စီးစာလောက် ဈေးနှုန်းနဲ့ ရောင်းချခဲ့တယ်။ လူကြိုက်များခဲ့တဲ့ ကားတစ်စီးလည်း ဖြစ်ခဲ့ပါတယ်။ အခုချိန်ထိလည်း လူကြိုက်များနေဆဲပါပဲ။

Crd

zawgyi

နာဇီပါတီရဲ႕ ေခါင္းေဆာင္ႀကီး ဟစ္တလာ က ၁၉၃၄ ခုႏွစ္ထဲမွာ အင္ဂ်င္နီယာတစ္ဦးျဖစ္တဲ့ ဖာဒီနန္ ေပါေရွးနဲ႔ ေဆြးေႏြးတိုင္ပင္ၿပီး ကားတစ္စီး တည္ေဆာက္ခိုင္းခဲ့ပါတယ္။အဲ့ဒီအခ်ိန္က ကားဆိုတာ သူေဌးႀကီးေတြပဲ စီးႏိုင္တဲ့အရာတစ္ခုပါ။

ဒါေၾကာင့္ ဂ်ာမနီမွာ ကားစီႏိုင္တဲ့သူေတြ အရမ္းနည္းေနပါေသးတယ္။ဟစ္တလာက သူ႔လူမ်ိဳးေတြကို ကားေပါေပါသီသီစီးေစခ်င္တယ္။ ဒါနဲ႔ပဲ ေပါေရွးနဲ႔ ေဆြးေႏြးခဲ့ၾကၿပီးေနာက္ ျပည့္သူ႔ကား လို႔အဓိပၸါယ္ရတဲ့ Volks Wagen ဆိုတဲ့ နာမည္နဲ႔ ကားတစ္စီးထုတ္ေပးဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။

ထုတ္လုပ္မႈ ကုန္က်စရိတ္ေတြကိုေတာ့ နာဇီ ပါတီကပဲ က်ခံေပးပါတယ္။ Beetle ကေတာ့ ကားရဲ႕ဒီဇိုင္းက ပိုးေတာင္မာ နဲ႔တူလို႔ Beetle ျဖစ္သြားရတာပါ။ဟစ္တလာက ျပည္သူ႔ေရဒီယို ဆိုၿပီး People’s Radio ကို ထုတ္ေပးခဲ့ၿပီးၿပီ။

ျပည္သူေတြ သတင္းေတြ ၾကားရေအာင္ ဆိုေပမယ့္ အမွန္ကေတာ့ နာဇီဝါဒေတြ ျဖန႔္ဖို႔အတြက္ထုတ္ ေပးထားတာ။ အခုလည္း ျပည္သူ႔ကား….ဟစ္တလာလိုခ်င္တာက မိသားစုတစ္စု တက္ႏိုင္တဲ့ေဈးတဲ့ တစ္မိသားစုလုံးစီးလို႔ဆန႔္တဲ့ ကားတစ္စီး။

ဒါနဲ႔ပဲ လူႀကီး ၂ ေယာက္ ကေလး ၃ ေယာက္ဆန႔္ရမယ္ ဆိုၿပီး သတ္မွတ္ေပးလိုက္တယ္။အျမန္ႏႈန္ကို တစ္နာရီကီလို ၁၀၀ ေလာက္ရွိရမယ္။ ဆီစားႏႈန္း ကီလို ၁၀၀ ကို ဆီက ၇ လီတာေလာက္ပဲ ကုန္ရမယ္။

ေနာက္ ပစၥည္းအစိတ္အပိုင္းေတြပ်က္တဲ့ အခါ ေဈးသက္သက္သာသာ ျမန္ျမန္ဆန္ဆန္နဲ႔ လဲလွယ္ေပးႏိုင္ဖို႔ကို ၫႊန္ၾကားခဲ့ပါတယ္။ အင္ဂ်င္က ေလအေအးခံ (Air- cooled) စနစ္နဲ႔ ျဖစ္လာပုံကေတာ့ အဲ့ဒီအခ်ိန္အခါတုန္းက

ကားရွိတဲ့သူေတြ နည္းသလို အိမ္တိုင္းမွာလည္း ကားထားဖို႔ ဂိုေထာင္ေတြ မရွိသေလာက္ ရွားတယ္။ဂ်ာမနီမွာက ေအးတယ္။ ကားဝယ္ၿပီးရင္ အျပင္ ေလ ေအးေအးထဲမွာပဲ ထားရဖို႔မ်ားတယ္။

ဒီေတာ့ အင္ဂ်င္ကို ေရအေအးခံစနစ္နဲ႔ပဲ သုံးလိုက္ရင္ မနက္က်ရင္ အင္ဂ်င္ ကူးလန႔္ေတြက ေအးခဲေနလိမ့္မယ္။စက္ႏႈိးဖို႔အတြက္ အင္ဂ်င္ကို အရင္မီးၿမိဳက္ေနရလိမ့္မယ္ (Anti freezeေတြကလည္း ေပၚခါစမို႔ စြမ္းေဆာင္ရည္ျမင့္ ေလယာဥ္ေတြမွာပဲ သုံးႏိုင္ေသးတယ္၊ ေဈးႀကီးေနဆဲအခ်ိန္ေပါ့)။

ဒါနဲ႔ပဲ ေလအေအးခံစနစ္နဲ႔ အင္ဂ်င္နဲ႔ စတင္ခဲ့ရတယ္။အင္ဂ်င္ကို ေနာက္မွာထားရတာကလည္း အေၾကာင္းရွိတယ္။ ေရွ႕အင္ဂ်င္ ေနာက္ဘက္ကို Drive shaft ေျပးၿပီး ေမာင္းႏွင္တဲ့ ေနာက္ယက္ စနစ္က Drive shaft ေၾကာင့္ တုန္ခါမႈေတြ မ်ားတယ္။ ဒါေၾကာင့္ စြမ္းအင္ဆုံးရႈံးမႈေတြ ရွိတယ္။

ဒီလိုမျဖစ္ေအာင္ဆိုၿပီး ေနာက္အင္ဂ်င္ ေနာက္ယက္ စနစ္ကို ဖန္တီးခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ လိပ္ခုံးကား လို႔ေခၚတဲ့ Volkswagen Beetle ကားေလးထြက္ေပၚလာခဲ့တယ္။

ေဈးႏႈန္းကိုလည္း အဲ့ဒီအခ်ိန္ခါက ဆိုင္ကယ္တစ္စီးစာေလာက္ ေဈးႏႈန္းနဲ႔ ေရာင္းခ်ခဲ့တယ္။ လူႀကိဳက္မ်ားခဲ့တဲ့ ကားတစ္စီးလည္း ျဖစ္ခဲ့ပါတယ္။ အခုခ်ိန္ထိလည္း လူႀကိဳက္မ်ားေနဆဲပါပဲ။

Crd